The Search
ဉာဏ်ရည်တု
ဉာဏ်ရည်တု (သို့တည်းမဟုတ်) တုပဉာဏ်ရည် သည် ကွန်ပျူတာ သိပ္ပံပညာရပ်၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး စက်ကိရိယာများတွင် လူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို တုပထည့်သွင်းရန် ရည်ရွယ်သည့် ပညာရပ်ဖြစ်သည်။ AI ဖတ်စာအုပ်များတွင် ၎င်းအား "အသိဉာဏ်ရှိသော ကိုယ်စားလှယ်များ ကို ဒီဇိုင်းထုတ်ခြင်းကို လေ့လာခြင်း" ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ အသိဉာဏ်ရှိသော ကိုယ်စားလှယ် ဆိုသည်မှာ ပတ်ဝန်းကျင်ကို နားလည်သိမြင်ပြီး အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်အတွက် လုပ်ဆောင်နိုင်သည့် စနစ်များဖြစ်သည်။ ဤအသုံးအနှုန်းကို စတင်သုံးနှုန်းခဲ့သူ ဂျွန် မက်ကာသီ က ဉာဏ်ရည်တုအား "ဉာဏ်ပညာရှိသော စက်များ ဖန်တီးနိုင်မည့် သိပ္ပံနှင့် အင်ဂျင်နီယာပညာ" ဟု ဖွင့်ဆိုခဲ့သည်။
Wikipedia · CC BY-SA