The Search

The Search

ပြင်သစ်နိုင်ငံ

အနောက်ဥရောပနိုင်ငံ

ပြင်သစ် သည် အနောက်ဥရောပရှိ ပြင်သစ် မက်ထရိုပိုလစ်တန် ဒေသနှင့် အခြား ပင်လယ်ရပ်ခြား ပိုင်နက်ဒေသများ ပါဝင်သော နိုင်ငံ ဖြစ်သည်။ ပြင်သစ် မက်ထရိုပိုလစ်တန် ဒေသသည် မြေထဲပင်လယ်မှ အင်္ဂလိပ်ရေလက်ကြားနှင့် မြောက်ဘက်ပင်လယ်ထိလည်းကောင်း၊ ရိုင်းမြစ်မှ အတ္တလန္တိတ်သမုဒ္ဒရာထိလည်းကောင်း ကျယ်ပြန့်သည်။ အရှေ့မြောက်ဘက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံ၊ အရှေ့ဘက်တွင် ဆွစ်ဇာလန်နိုင်ငံနှင့် အီတလီနိုင်ငံ၊ တောင်ဘက်တွင် အင်ဒိုရာနိုင်ငံနှင့် စပိန်နိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည်။ အနောက်မြောက်ဘက်တွင် အင်္ဂလိပ်ရေလက်ကြားခြားလျက် ဗြိတိန်နိုင်ငံ တည်ရှိသည်။ ပြင်သစ်လူမျိုးများက ဆဋ္ဌဂံပုံသဏ္ဌန်ရှိသော ပြင်သစ်မက်ထရိုပိုလစ်တန်ဒေသကို L’Hexagone ဟု တခါတရံ ရည်ညွှန်း ခေါ်ဝေါ်ကြသည်။ နိုင်ငံ၏ ဒေသ ၁၈ ခုကို တစ်ခုတည်း ပေါင်းလိုက်လျှင် ၆၄၃,၈၀၁ စတုရန်းကီလိုမီတာ ရှိပြီး စုစုပေါင်း လူဦးရေသည် ၂၀၁၉ ခု၊ ဇူလိုင်လစာရင်းအရ ၆၇.၀၃ သန်း ရှိသည်။ ပြင်သစ်နိုင်ငံသည် ဗဟိုအစိုးရမှ ချုပ်ကိုင်ပြီး သမ္မတနှင့် ဝန်ကြီးချုပ်တို့ နှစ်ဦးစလုံး အာဏာရှိသော သမ္မတနိုင်ငံစနစ်ကို ကျင့်သုံးသည်။ မြို့တော်သည် ပါရီမြို့ဖြစ်ပြီး၊ နိုင်ငံ၏ အကြီးဆုံးနှင့် ပင်မယဉ်ကျေးမှုနှင့် စီးပွားရေးဗဟိုလည်း ဖြစ်သည်။

Wikipedia · CC BY-SA

france — ပြင်သစ် သည် အနောက်ဥရောပရှိ ပြင်သစ် မက်ထရိုပိုလစ်တန် ဒေသနှင့် အခြား ပင်လယ်ရပ်ခြား ပိုင်နက်ဒေသများ ပါဝင်သော နိုင်ငံ ဖြစ်သည်။ ပြင်သစ် မက်ထရိုပိုလစ်တန် ဒေသသည် မြေထဲပင်လယ်မှ အင်္ဂလိပ်ရေလက်ကြားနှင့် မြောက်ဘက်ပင်လယ်ထိလည်းကောင်း၊ ရိုင်းမြစ်မှ အတ္တလန္တိတ်သမုဒ္ဒရာထိလည်းကောင်း ကျယ်ပြန့်သည်။ အရှေ့မြောက်ဘက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံ၊ အရှေ့ဘက်တွင် ဆွစ်ဇာလန်နိုင်ငံနှင့် အီတလီနိုင

dictionary.aplusz.app