The Search
ရွှေ
အက်တမ်နံပါတ် ၇၉ ရှိသော ဓာတုဒြပ်စင်တစ်မျိုး
ရွှေ သည် အက်တမ်အမှတ်စဉ်-၇၉ ရှိသော သတ္တု ဒြပ်စင် ဖြစ်ပြီး၊ သာမန် အပူချိန်နှင့် (လေ)ဖိအားအောက်တွင် အစိုင်အခဲအဖြစ် တည်ရှိသည့် ဒြပ်သား ဖြစ်သည်။ ဓာတုသင်္ကေတမှာ လက်တင် ဝေါဟာရ ၏ ထိပ်နှစ်လုံး Au ဖြစ်သည်။
သမိုင်းတင်ခေတ်မှ စ၍ လူသားများသည် ရွှေကို အဖိုးတန် လက်ဝတ်ရတနာများ၊ ခွက်၊ ယောက်၊ ပန်းကန်စသည့် လူသုံးကုန်ပစ္စည်းများ အဖြစ် သွန်းလုပ် အသုံးပြုကြပြီး၊ ရွှေကို အပူပေး၍ အရည်ကျိုကာ ပုံသွင်းသည့် အတတ်ကို ရွှေပန်းထိမ်ဟု ခေါ်သည်။ မြန်မာ့ ယဉ်ကျေးမှုတွင်မူ စေတီပုထိုးများ၏ ထီးတော်၊ သင်္ကန်းတော်အဖြစ် လည်းကောင်း ဗုဒ္ဓဆင်းတုတော်များအား ရွှေသင်္ကန်း ချရာတွင်လည်းကောင်း အသုံးပြုကြသည်။
Wikipedia · CC BY-SA
gold — ရွှေကဲ့သို့အဖြစ် တင်စားခြင်း ၊
dictionary.aplusz.app