The Search
အင်တာနက်
ခေတ်သစ်နည်းပညာများ
အင်တာနက် ဆိုသည်မှာ စံနမူနာ Internet Protocol Suite (TCP/IP) ကိုသုံး၍ ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသော ကမ္ဘာအနှံ့သုံးစွဲ သူများအား ဝန်ဆောင်မှုပေးနေသော ကမ္ဘာနှင့် အဝှမ်း ချိတ်ဆက်ထားသော စနစ်တစ်ခုပင် ဖြစ်သည်။ ဒေသတွင်းမှသည် ကမ္ဘာလုံးအနှံ့ အတိုင်းအတာအထိ ကျယ်ပြန့်စွာ သွယ်တန်းထားသော အီလက်ထရွန်းနစ် အချက်အလက်တည်ဆောက်မှုနှင့် အမြင်ဆိုင်ရာ ကွန်ယက်နည်းပညာများဖြင့် ချိတ်ဆက်ထားသည့် သန်းပေါင်းများစွာသော ပုဂ္ဂလိက၊ အများပြည်သူ၊ ပညာရေး၊ စီးပွားရေးနှင့် အစိုးရပိုင်းဆိုင်ရာ ကွန်ယက်များ ပါဝင်သည့် ကွန်ယက်များ၏ ကွန်ယက် တစ်ခု ဖြစ်သည်။ ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားသည့် World Wide Web (WWW) ၏ အချင်းချင်း ချိတ်ဆက်နေသော ဟိုက်ပါတက်(စ်) (hypertext) စာရွက်စာတမ်းများနှင့် အီလက်ထရွန်းနစ်စာပို့စနစ် ကို ပံ့ပိုးသော အခြေခံဖွဲ့စည်းတည်ဆောက်ပုံကဲ့သို့ အမျိုးအစား များပြားလှစွာသော သတင်းအချက်အလက် အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများကို အင်တာနက်က သယ်ဆောင်ပေးပါသည်။
Wikipedia · CC BY-SA
internet — အင်တာနက်ပရိုတိုကောလ် IP ကိုအသုံးပြုကာ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး ဆက်သွယ်သောကွန်ရက်။
dictionary.aplusz.app