The Search
နိစ်မြို့
နိ သည် ပြင်သစ်ရှိ သတ္တမမြောက် လူဦးရေအထူထပ်ဆုံး မြို့ပြဒေသဖြစ်ပြီး အလပ,မဟိတီမာခရိုင် ၏ မြို့တော်တည်း။ နိ၏ မြို့ပြဧရိယာသည်ပင် မြို့အုပ်ချုပ်ရေးအတိုင်းအတာကို ကျော်လွန်ကာ ၇၄၄ စတုရန်းကီလိုမီတာ အတွင်း လူဦးရေ ၁ သန်းကျော် နေထိုင်သည်။ ပြင်သစ်တောင်ပိုင်း မြေထဲပင်လယ်၏ ကမ်းခြေဖြစ်သော ဖရန့်ရေဗီယာရာနှင့် အလပတောင်တန်း၏ အခြေတွင် ရှိသည်။ နိသည် ပြင်သစ်၏ မြေထဲပင်လယ်ကမ်းခြေတလျှောက် မြို့များအနက် အလပကွတ်ဒဲ့ဇူယော်ပြည်နယ် တွင် မာဆေးနောက် ဒုတိယအကြီးဆုံး ဖြစ်သည်။ မိုနာကိုမြေမှ ၁၃ ကီလိုမီတာ အကွာ၊ ပြင်သစ်-အီတလီနယ်စပ်မှ ၃၀ ကီလိုမီတာ တွင် ရှိပြီး နိလေဆိပ်သည် ဒေသတွင်းဝင်ထွက်ရာ တံခါးပေါက်အဖြစ် တာဝန်ထမ်းလျက် ရှိသည်။
Wikipedia · CC BY-SA
nice — အလွန်သေချာသော၊ superfluously exact
dictionary.aplusz.app